Local News: မြန်မာသံရုံးတွေကို လုံခြုံရေးတိုးမြှင့်ဖို့ ညွှန်ကြားထား

တာဝန်ရှိတဲ့ပြည်ထဲရေးလိုဝန်ကြီးဌာနမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သံရုံးတွေကို ညွှန်ကြားထားတာဖြစ်တယ်။

play

 

နိုင်ငံအချို့က မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြမှုတွေဖြစ်ပြီးနောက်ပိုင်း သံရုံးတွေရဲ့ လုံခြုံရေးကိုတိုးမြှင့်ဆောင်ရွက်ဖို့ မှာကြားထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောကြားထားကြောင်း RFA သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

သက်ဆိုင်ရာနိုင်ငံတွေမှာ တာဝန်ရှိတဲ့ပြည်ထဲရေးလိုဝန်ကြီးဌာနမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သံရုံးတွေကို ညွှန်ကြားထားတာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောကြားထားကြောင်း သိရပါတယ်။

အိမ်ရှင်နိုင်ငံတွေကလည်း အပြည့်အ၀ကာကွယ်မှုပေးပြီး  အကြမ်းဖက် တိုက်ခိုက်မှုကို လက်မခံတဲ့ အတွက် အကြမ်းဖက်တိုက်ခိုက်မှု တွေမဖြစ်အောင် အိမ်ရှင်နိုင်ငံတွေက ဆောင်ရွက်နေသလို သံရုံးတွေကလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ဦးဇော်ဌေးက ပြောကြားထားပါတယ်။

 မြန်မာနိုင်ငံသားတွေအနေနဲ့  ဂရုစိုက် သွားလာဖို့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သတိပေးတာတွေလည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်တယ်လို့ သံသယရှိသူတစ်ယောက်ကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ပါတယ်။

Photo & Source: RFA, Win Ko Ko Latt/ RFA,  Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ