Local News: ကိုဖီအာနန် ရခိုင်ပြည်နယ်ကို သွားမယ်

မောင်တောမြို့နယ်အတွင်းက ကျေးရွာတွေကို သွားရောက်လေ့လာမလားဆိုတာကိုတော့ မသိရသေးပါဘူး။

play

 

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးဆိုင်ရာကော်မရှင်ဥက္ကဌ  မစ္စတာ ကိုဖီအာနန်ဟာ လာမယ့်နိုဝင်ဘာ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ်၊စစ်တွေမြို့နဲ့ တစ်ခြားမြို့တွေကို သွားရောက်မယ်လို့ သိရပါတယ်။

ခရီးစဉ်ဟာ ၅ ရက်နီးပါး ကြာမြင့်မှာဖြစ်ပြီး သွားသင့်တဲ့နေရာတွေကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောထားကြောင်း RFA ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

မစ္စတာကိုဖီအာနန်ရဲ့ လက်ရှိခရီးစဉ်ဟာ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်အတွင်းက ကျေးရွာတွေကို သွားရောက်လေ့လာမလားဆိုတာကိုတော့ မသိရသေးပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်ပ ပညာရှင် ၃ ဦး၊ ပြည်တွင်းက  ၆ ဦး၊ စုစုပေါင်း ၉ ဦးနဲ့ သြဂုတ်လ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Source: RFA
Photo: News Ghana

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ