Local News: မြန်မာစစ်ဘေးရှောင် သုံးရာကျော်ကို တရုတ်ပြန်ပို့

ပစ်ခတ်မှုတွေဖြစ်လို့ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တာပါ။

play

 

မူဆယ်မြို့အနီး မူဆယ်-နမ့်ခမ်းလမ်းပေါ်က ပန်ခမ်းတံတားနားမှာ ဖြစ်ပွားခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တရုတ်နိုင်ငံဘက်ကို ညတွင်းချင်းတိမ်းရှောင်သွားတဲ့ မြန်မာနိုင်ငံသား သုံးရာကျော်ကို တရုတ်နိုင်ငံကြယ်ဂေါင် ရဲခစန်းကနေ မြန်မာဘက်ကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။

"မနေ့က နမ့်ခမ်းတံတားနားမှာ သေနတ်သံဆယ်ချက်လောက်ကြားရပြီး မသေချင်ရင် ဒီဘက်ကို ထွက်ပြေးခဲ့လို့ လှမ်းခေါ်တာကြောင့် ထွက်ပြေးခဲ့တာ"လို့ ပြန်ရောက်လာသူတစ်ဦးကပြောခဲ့ပြီး ညကိုးနာရီကျော်လောက်ကနေ ထွက်ပြေးခဲ့တဲ့ လူသုံးရာကျော်က ကြယ်ဂေါင်မြို့နားမှာ ညဆယ့်နှစ်နာရီအထိ နေခဲ့ရပြီး နောက်ပိုင်းမှာ ရဲစခန်းကို ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ထွက်ပြေးသွားသူတွေမှာ နိုင်ငံကူးလက်မှတ်ပါသွားသူတွေရှိသလို မပါဘဲ ဒီအတိုင်းထွက်ပြေးသူတွေရှိနေပြီး အားလုံးကို ကြယ်ဂေါင်ရဲစခန်းက ထိန်းသိမ်းထားကာ ပြန်လွှဲပေးတာလို့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ပြောပါတယ်။

ထွက်ပြေးသွားသူတွေက တရားဝင် ၀င်ထွက်ပေါက်က ထွက်ပြေးတာမဟုတ်ဘဲ တစ်ခြားနေရာတွေကနေ ထွက်ပြေးသွားကြတာဖြစ်ပြီး ပြန်လာသူတွေအားလုံးကို မူလနေထိုင်တဲ့နေရာတွေဆီကို ပြန်ပို့ပေးသွားမယ်လို့ ဆိုပါတယ်။

Source & Photos : Kumudra

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ