Local News: ဦးသန်းရွှေနဲ့ ကေအင်န်ယူဥက္ကဋ္ဌ ပထမဆုံးတွေ့ဆုံ

ဦးသန်းရွှေအာဏာရှိစဉ်က တစ်ကြိမ်မှ မတွေ့ဆုံခဲ့ဖူးဘူး။

play

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတို့ဟာ နိုဝင်ဘာ ၂၅ ရက်ညက နေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

 နိုင်ငံရေးကိစ္စ ဆွေးနွေးတာမဟုတ်ဘဲ ငြိမ်းချမ်းရေးအကြောင်းနဲ့ ရှေးဖြစ်နှောင်းဖြစ်တွေ ပြောကြတာဖြစ်ပြီး ဦးသန်းရွှေအာဏာရှိစဉ်က တစ်ကြိမ်မှ မတွေ့ဆုံခဲ့ဖူးဘူးလို့  ဦးသန်းရွှေနဲ့ KNU ဥက္ကဋ္ဌတို့ရဲ့တွေ့ဆုံမှုအခြေအနေကို ဖဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ပါတယ်။

ဦးသန်းရွှေဟာ အငြိမ်းစားယူပြီးနောက်မှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး Mr.Song Tao နဲ့ ပြီးခဲ့တဲ့ သြဂုတ်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါသေးတယ်။

 KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ နေပြည်တော်ခရီးစဉ်မှာ သမ္မတဟောင်းဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးသန်းရွှေ၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းတို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

 Source: 7Day Daily
Photos: Asian Correspondent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ