Local News: ဈေးဝယ်စင်တာတွေ အထူးသတိထားဖို့ နယ်လုံဝန်ကြီးက ခေါ်ယူသတိပေး

စင်တာမှာ ခန့်အပ်ထားတဲ့ လုံခြုံရေးတွေရဲ့အရည်အချင်းတွေကိုလည်း မေးမြန်းခဲ့တယ်။

play

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ  ဈေးဝယ်စင်တာတွေမှ တာဝန်ရှိသူတွေကို ခေါ်ယူပြီး လုံခြုံရေးအထူးသတိထား ဆောင်ရွက်ဖို့  ခေါ်ယူအသိပေးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၅ရက်က ရန်ကုန်မြို့က ဈေးဝယ်စင်တာပိုင်ရှင်တွေ၊ မန်နေဂျာတွေကို ရန်ကုန်တိုင်းဒေသကြီးနယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးက ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ လုပ်ငန်းရှင်တွေက ပြောကြားပါတယ်။

ရှော့ပင်းစင်တာတွေမှာ တပ်ဆင်ထားတဲ့ စီစီတီဗွီ အပါအ၀င် အသုံးပြုနေတဲ့ လုံခြုံရေးပစ္စည်းတွေအကြောင်းကိုလည်း အသေးစိတ်ခေါ်ယူမေးမြန်းခဲ့တယ်လို့ ဈေးဝယ်စင်တာပိုင်ရှင်တစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

စင်တာမှာ ခန့်အပ်ထားတဲ့ လုံခြုံရေးတွေရဲ့အရည်အချင်းတွေကိုလည်း မေးမြန်းခဲ့ပြီး လိုအပ်ရင် ထပ်တိုးတာတွေလုပ်ဖို့နဲ့ အရည်အချင်းမြှင့်ဖို့ခေါ်ယူဆွေးနွေးတာ ရှိတယ်လို့ သိရပါတယ်။

Source: 7Day Daily
Photos:  လင်းဘိုဘို/အီးပီအေ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ