AD
AD
AD
play

 

 ‘လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး’ ဝိုင်းဝန်းဆန္ဒပြပွဲကို လူပေါင်းရာချီ တက်ရောက်ခဲ့ပြီး တက်ရောက်သူ အများစုဟာ ကလေးသူငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့  တောင်းဆိုခဲ့ကြပါတယ်။

အဆိုပါပွဲကို   ကန်တော်ကြီး မျှော်စင်ကျွန်းမှာ မနေ့က ပြုလုပ်ခဲ့ရာမှာ အနုပညာရှင်တွေ၊ ဥပဒေပညာရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး ကလေးငယ်တွေကို ကျူးလွန်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ဖို့ ဆန္ဒပြုခဲ့ကြတာ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မုဒိမ်းမှု များပြားလာတာဟာ‘‘သွားတိုင်တဲ့ ရဲစခန်းတွေ ပေါ့လျော့တာ များနေလို့လို့ ကျွန်တော်သုံးသပ်ပါတယ်’’ လို့ ပြောကြားခဲ့ပြီး တက်ရောက်သူတွေက လက်ခုပ်တီး ထောက်ခံခဲ့ကြပါတယ်။

 အစ်ကိုအရင်းက ငါးနှစ်အရွယ် ညီမအရင်းကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ပတ်သက်ပြီး ရဲဌာနက ပုဂ္ဂိုလ်တွေ တာဝန်မကျေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားခဲ့ပြီး "ဖေ့စ်ဘွတ်စာမျက်နှာမှာ ကျယ်ပြန့်သွားမှ အမှုဖွင့်ပေးလိုက်တာ" လို့ ဆိုပါတယ်။

 ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်တိုင်းမှာ လက်ကမ်းစာစောင်တွေဝေပြီး အသိပညာပေးနေကြောင်းလည်း ဦးညီညီက ပြောကြားခဲ့ပါတယ်။

Photos & Source: 7Day Daily, နစ်ကီ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD