Local News: လေဖိအားနည်းရပ်ဝန်းကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါတယ်။

play

 

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေလို့ မြန်မာနိုင်ငံဒေသအချို့မှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်။ တောင်တရုတ်ပင်လယ်မှာ အပူပိုင်းမုန်တိုင်း T OKAGE တိုက်ခတ်နေပြီး ဘင်္ဂလားပင်လယ်အော်မှာ နိုဝင်ဘာ ၂၇ ရက်ကစပြီး လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာတာလို့ ဦးထွန်းလွင်က ပြောပါတယ်။

‘‘မိုးလေ၀သပညာအရတော့ ဘီနဲ့ စီဆက်စပ်မှုဖြစ်နေတာပေါ့။ ဘီ (ဘင်္ဂလားပင်လယ်)နဲ့ စီ (တောင်တရုတ်ပင်လယ်)တို့ရဲ့ ဆက်စပ်မှု သဘောကို တွေ့နေရတယ်။ တောင်တရုတ်ပင်လယ်က မုန်တိုင်းက မြောက်ဘက်ကိုသွားရင် ဘင်္ဂလားပင်လယ်က မုန်တိုင်းကလည်း တစ်နွယ်ငင်တစ်စင်ပါပြီး မြောက်ဘက်ကိုတက်လာ တတ်တာကြောင့် မုန်တိုင်းဖြစ်နိုင်တဲ့ အလားအလာတွေ တိုးလာ တတ်တယ်။ လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ မိုးတွေရွာဖို့ရှိနေပါတယ်’’လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

မိုးဇလဦးစီးဌာနကလည်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး၊ မွန်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်မိုးရွာနိုင်ပြီး ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ ပုံမှန်ထက် အအေးပိုနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Photo : U Tun Lwin Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ