Local News: ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၃၀ မှာ စင်ကာပူကို သွားမယ်

စင်ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့ ဒီဇင်ဘာလ ၁ရက်နေ့မှာ တွေ့ဆုံသွားမှာပါ။

play

 

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံကို လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ စင်ကာပူနိုင်ငံကို စတင်ထွက်ခွာမည်ဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမယ်လို့  နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက The Voice သတင်းဌာနကို ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်းက လာရောက်ဖို့ ဖိတ်ကြားခဲ့တာဖြစ်ပြီး နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

“ဖိတ်တာကလည်း ၀န်ကြီးချုပ်ကဖိတ်တာပေါ့၊ နှစ်ငါးဆယ် အထိမ်းအမှတ်ကလည်း ရှိထားတယ်။ သူတို့ဆီက နိုင်ငံခြားရေး ၀န်ကြီးကလည်း လာထားတယ်။ သူတို့နဲ့ Bilateral အစည်းအဝေးလုပ်ဖို့လည်း ရှိတယ်”လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း စင်ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့ ဒီဇင်ဘာလ ၁ရက်နေ့မှာ တွေ့ဆုံသွားမှာဖြစ်ပြီး ဒီတွေ့ဆုံပွဲကို စင်ကာပူရောက် မြန်မာနိုင်ငံသားတွေ စိတ်ဝင်စားမှု မြင့်တက်နေတယ်လို့  မြန်မာကလပ် (စင်ကာပူ) လူမှုကွန်ရက် စာမျက်နှာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Source : The Voice

Photo : Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ