Local News: သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့သူတွေကို အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်ဖို့ ရှေ့နေချုပ်ရုံးကို တင်ပြထား

ထောင်ဒဏ်၁၀နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ဖို့ တင်ပြထားတာပါ။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထောင်ဒဏ် ၁၀နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ဖို့ ရှေ့နေချုပ်ရုံးကို တင်ပြထားပြီး အမြင့်ဆုံးပြစ်ဒဏ်ထိ ချမှတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီနေ့(နိုဝင်ဘာလ ၂၈ ရက်) ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ ပြောလိုက်ပါတယ်။

play

 

မြန်မာနိုင်ငံထဲမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့အထိ မုဒိမ်းမှုပေါင်း ၁၆၉ မှု ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၃၉ မှု ၊ ၁၆ နှစ်အောက် မုဒိမ်းမှု ၈၃ မှု ၊ ၁၆ နှစ်အထက် မုဒိမ်းမှု ၄၇ မှု ဖြစ်ခဲ့တယ်လို့  ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက တိုင်းဒေသကြီးလွှတ်တော်မှာ ပြောကြားထားပါတယ်။

နိုဝင်ဘာလ ၂၇ ရက် ညနေပိုင်းကလည်း ရန်ကုန်မြို့မျှော်စင်ကျွန်းမှာ ပြုလုပ်ခဲ့တဲ့ ‘လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး’ ဝိုင်းဝန်းဆန္ဒပြပွဲကို လူပေါင်းရာချီ တက်ရောက်ခဲ့ပြီး တက်ရောက်သူအများစုက ကလေးသူငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Ko Aung Aung Facebook

သက်ငယ်မုဒိမ်းကျူးလွန်သူတွေကို ဘယ်လိုပြစ်ဒဏ်တွေ ပေးသင့်သလဲ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ