Local News: မြောက်ဥက္ကလာဆေးရုံမှာ ရေကန်ပြိုကျမှုဖြစ် လူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

, updated

ဆောက်ထားတာ မကြာသေးတဲ့ရေကန်က ဒီနေ့မနက်ပိုင်းမှာ ပြိုကျခဲ့တာပါ။

play

 

မြောက်ဥက္ကလာပဆေးရုံ သားဖွားမီးယပ်ဆောင်အနားက အများသုံးရေကန်တခု ဒီနေ့မနက်ပိုင်းက ပြိုကျသွားလို့ ရေကန်ဘေးနားမှာ အ၀တ်ထိုင်လျော်နေတဲ့ အမျိုးသမီးတစ်ဦး အုတ်ကန်ဘောင်ပိသေဆုံးခဲ့ကာ နောက်ထပ်တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ သိရပါတယ်။

သေဆုံးသူအမျိုးသမီးက မရမ်းကုန်း အမှတ် (၅) ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်မေဆဲဖြစ်ပြီး ဆေးရုံမှာမီးလာဖွားတဲ့သမီးကို လာရောက်ကူညီလုပ်ကိုင်ပေးနေတာဖြစ်ကာ ကလေးအနှီးထိုင်လျှော်နေတုန်းမှာ ရေကန်ကွဲပြီး အုတ်ကန်ဘောင်ပိသေဆုံးသွားတာလို့ မြောက်ဥက္ကလာပမြို့မ ရဲစခန်း တာဝန်ကျအရာရှိတစ်ဦးက ပြောပါတယ်။

“တော်တော်စိတ်မကောင်းဘူးပေါ့ဗျာ။ အမှန်မှာကတော့ ကန်ထရိုက်တာက သူတို့စေတနာနည်းလို့ပေါ့နော်။ ဒီလိုမျိုးက မဖြစ်သင့်ဘူး။ ဆေးရုံမှာဆိုတော့ ပိုဆိုးတာက လူနာတွေ ကန်ဆိုတာ အမြဲအသုံးပြုရမယ့်နေရာတွေ၊ တကယ်လို့နေ့ခင်းပိုင်းတို့ ညနေပိုင်းရေချိုးတဲ့အချိန်ဆိုရင် လူအများကြီး သေရင် ဘယ်လိုလုပ်ကြမလဲ။ ဒါကိုလည်း တစ်ခုခုတော့ အရေးယူစေချင်ပါတယ်"လို့ ဖြစ်စဉ်ကို တွေ့ရှိခဲ့တဲ့ သူတစ်ဦးက ပြောပါတယ်။

ပြိုကျခဲ့တဲ့ ရေကန်က မကြာသေးခင်က ဆောက်လုပ်ထားတဲ့ ကန်ဖြစ်ပြီး မ၀ိုင်းစိန်ဆိုသူ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့  တာဝန်ကျအရာရှိတစ်ဦးက ပြောပါတယ်။

Source & Photo : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ