Local News: နေအိမ်ပေါ်တက်ပြီး အဓမ္မပြုကျင့်တယ်ဆိုတဲ့ သင်္ကန်းဝတ်တစ်ဦးကို မုဒိမ်းမှုနဲ့ ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။

play

 

မိဘတွေ တောင်ယာသွားချိန်မှာ အိမ်မှာတစ်ဦးတည်းကျန်ခဲ့တဲ့ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သက်တော် (၃၆)နှစ်အရွယ် သင်္ကန်းဝတ်တစ်ဦးက နေအိမ်ပေါ်တက်ပြီး အဓမ္မပြုကျင့်မှု စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ နယ်ထဲက အင်ကြင်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်က နေအိမ်မှာတစ်ဦးတည်းရှိနေတဲ့ အဆိုပါမိန်းကလေးကို အင်ကြင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှ သက်တော်(၃၆)နှစ် ၀ါတော်(၁၇)၀ါရှိ ဦးပဉ္စင်း သုဘောဂ၊ လူအမည် မောင်နိုင်ဆိုသူက မိန်းကလေးနာမည်ကိုခေါ်ပြီး နေအိမ်ပေါ်ကိုတက်လာကာ မိန်းကလေးကို အိပ်ခန်းထဲကိုဆွဲခေါ်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက ပြောပါတယ်။

‘‘ကျွန်တော် ထင်တာကတော့ သိနေတဲ့သူတွေဖြစ်မှာပါ။ အမှုဖွင့်တာလည်း ကောင်မလေးကပဲ ဖွင့်တာ။ အရင်က ကျူးလွန် ဖူးတဲ့ပုံစံမျိုးတော့မရှိဘူး။ အခု လောလောဆယ်တော့ ဘုန်းကြီးကို မြို့နယ်သံဃနာယကက လူဝတ်လဲပေးပြီး မနေ့ကပဲ အမှုဖွင့် ဖမ်းထားတယ်’’လို့ အဆိုပါရဲအရာရှိက ဆိုပါတယ်။

မိန်းကလေးကို အော်ဟစ် အကူအညီတောင်းလို့မရအောင်လုပ်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့အဆိုပါ သင်္ကန်းဝတ်ကို နိုဝင်ဘာ ၂၆ ရက်၊ မွန်းလွဲပိုင်းက ထီးချိုင့်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ