Local News: တရုတ်နယ်စပ်ဘက်ခြမ်းမှာဗြောက်အိုး မဖောက်ဖို့ မြန်မာမေတ္တာရပ်ခံထား

ဗြောက်အိုးဖောက်သံတွေက သေနတ်သံနဲ့ဆင်တူလို့ မေတ္တာရပ်ခံထားတာပါ။

play

 

နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်  တရုတ်နိုင်ငံဘက်ခြမ်းမှာ လတ်တလောကာလအတွင်း ဗြောက်အိုးမဖောက်ဖို့ မြန်မာနယ်စပ် အုပ်ချုပ်ရေးပိုင်းက တရုတ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေကို ဒုတိယအကြိမ် မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက်ညက ရွှေလီမြို့ဘက်ကနေ ဗြောက်အိုးတွေ ဖောက်နေတဲ့အချိန်မှာ မူဆယ်မြို့နယ် ပန်ခမ်းတံတားနားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့လို့ သေနတ်သံနဲ့ ဆင်တူတဲ့  ဗြောက်အိုးဖောက်သံကြောင့် ဒေသတွင်း လုံခြုံရေးယူထားသူတွေ အာရုံထွေပြားတာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

‘‘ပြည်ပရေးရာကိုလည်း ထပ်ပြောလိုက်ရတယ်။ ဗြောက်အိုးဖောက်တာ မလုပ်ပါနဲ့ဦးလို့။ မနေ့ (နိုဝင်ဘာ ၂၆ ရက်ည)ကလည်း ချက်ချင်းပြောပါတယ်။ ပြည်ပရေးရာကတစ်ဆင့် ပြောလိုက်တော့ မဖောက်တော့ပါဘူး။ သူတို့ကလည်း အေးချမ်းသွားပြီ ထင်လို့ ဖောက်တာပါ"လို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက် ညကလည်း မူဆယ်မြို့ထဲမှာ ကောလာဟလတချို့ ထွက်ပေါ်နေချိန်မှာ ရွှေလီမြို့ဘက်ကနေ ဗြောက်အိုးသံတွေ ၁၅ မိနစ်လောက် ဆက်တိုက်ထွက်ပေါ်ခဲ့လို့ ဗြောက်အိုးမဖောက်ဖို့ ပထမအကြိမ် အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Go-Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ