Local News: နှစ်ရက်အတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်

နိုဝင်ဘာ ၂၈ ရက်မှ နောက်နှစ်ရက်အတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်။

play

 

ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းဟာ  နှစ်ရက်အတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး ဒေသ ၁၂ ခုမှာ အချိန်အခါ မဟုတ် မိုးရွာနိုင်ကြောင်း မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က နိုဝင်ဘာ ၂၇ ရက်မှစကာ လေဖိအားနည်းရပ်ဝန်းကြောင့် ဒေသအချို့မှာ အချိန်အခါမဟုတ်  မိုးရွာနိုင်ကြောင်း သတိပေးထားတာဖြစ်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ နိုဝင်ဘာ ၂၈ ရက်မှ နောက်နှစ်ရက်အတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ကချင်၊ ရှမ်း၊ ချင်း၊ ကရင်၊ ကယားနဲ့ မွန်ပြည်နယ်တို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အခုဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းနဲ့ ဆက်စပ်နေတာကြောင့် စောင့်ကြည့်ဖို့ လိုအပ်နေကြောင်းလည်း သတိပေးထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ