Local News: မွန်ဝန်ကြီးချုပ်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို စုံစမ်းစစ်ဆေးဖို့ ဒီချုပ်က လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့

မွန်ပြည်နယ်ပြည်သူတွေကြား ဝေဖန်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

play

 

မွန်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့နဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေပြုလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်သုံးဦးပါတဲ့ လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောထားတယ်လို့ ပြည်တွင်းသတင်းစာကြီးတစ်စောင်က ဖော်ပြပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့ သက်တမ်းခြောက်လအတွင်း ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ခွင့်ရက်ရှည်ယူခြင်း၊ ပြည်နယ်အတွင်းက လုပ်ငန်းရှင်တွေနဲ့ မကြာခဏ တွေ့ဆုံတယ်လို့ သတင်းတွေ ထွက်ခြင်း၊ လူမှုကွန်ရက် စာမျက်နှာမှာ ပုဂ္ဂိုလ်ရေးသတင်းတွေ ထွက်ခြင်း စတဲ့အချက်တွေကြောင့် မွန်ပြည်နယ်ပြည်သူတွေကြား ဝေဖန်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းလိုက်တဲ့ လေ့လာသုံးသပ်ရေးအဖွဲ့မှာ အဖွဲ့ခေါင်းဆောင်အဖြစ် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေး မှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်တွေအဖြစ် ဒေါက်တာမျိုးညွန့်နဲ့ ဦးကျော်ဟိုးတို့ပါဝင်တာ ဖြစ်ပါတယ်။။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ