play

 

နိုင်ငံတော်မှာ ရင်ဆိုင်နေရတဲ့ လုံခြုံရေး၊ စီးပွားရေးအကျပ်အတည်းတွေနဲ့ ပြည်တွင်း၊ ပြည်ပအကြမ်းဖက်အန္တရာယ်တွေကို ဟန့်တားနိုင်ဖို့အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး အမြန်ဆုံးခေါ်ယူပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၃ ခုက သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်ခဲ့တဲ့ အဆိုပါ ကြေညာချက်မှာ ရခိုင်ပြည်နယ် ပိုင်နက်နယ်မြေဆုံးရှုံးမယ့် အလားအလာတွေကို ရင်ဆိုင်နေရပြီး အရှေ့မြောက်ဒေသမှာ စစ်ပွဲကို အကြောင်းပြပြီး အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ ဥစ္စာစည်းစိမ်တွေ ဖျက်ဆီးခံနေရတယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့တော်အတွင်း ပေါက်ကွဲမှုဖြစ်ရပ်တွေ အပါအဝင် နိုင်ငံအနှံ့ တိုးပွားလာတဲ့ ရာဇဝတ်မှုတွေ၊ တစ်နေ့တခြား ကျပ်တည်းလာတဲ့ စီးပွားရေး ပြဿနာတွေ၊ တည်ဆောက်လက်စ ငြိမ်းချမ်းရေးဖြစ်စဉ်တွေရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်လာတာတွေကြောင့် နိုင်ငံတော်မှာ အထွေထွေအကျပ်အတည်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေးပါတီ ၁၃ ပါတီတို့က နိုင်ငံတော်အပေါ် ကျရောက်နေတဲ့ အထွေထွေအကျပ်အတည်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နဲ့အညီ ဖြေရှင်းဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမြန်ဆုံးခေါ်ယူပေးဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video