Local News: ပါတီ ၁၃ ခုရဲ့ ပူးတွဲကြေညာချက်ကို နိုင်ငံရေးတိုက်ကွက်ဆင်တာ ဖြစ်တယ်လို့ ဦးဝင်းထိန်တုံ့ပြန်

ကာလုံခေါ်တာ သူတို့အလုပ်မဟုတ်ဘူး။

play

 

နိုင်ငံတော်မှာ  လတ်တလောဖြစ်ပေါ်နေတဲ့  အထွေထွေအကျပ်အတည်းတွေအပေါ် ကိုင်တွယ်ဖြေရှင်းဖို့  နိုင်ငံရေးပါတီ ၁၃ ခုက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး  နိုင်ငံရေးတိုက်ကွက်ဆင်တာဖြစ်ကြောင်း ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်က တုံ့ပြန်လိုက်တယ်လို့ ပြည်တွင်းသတင်းစာကြီးတစ်စောင်က ဖော်ပြပါတယ်။

 "သူတို့အားမလို အားမရဖြစ်ပြီး ကျွန်တော်တို့အစိုးရကို နဲ့အောင်လို့၊ နိုင်ငံရေးတိုက်ကွက်ဆင်တာလို့ ကျွန်တော်တော့ ထင်တယ်"လို့ ဦးဝင်ထိန်က ပြောထားကြောင်း အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။ ကာလုံခေါ်တာ သူတို့အလုပ်မဟုတ်ဘဲ အစိုးရအလုပ်ဖြစ်ကာ အစိုးရက ခေါ်သင့်ခေါ်မှာဖြစ်ပြီး မခေါ်သင့် မခေါ်ဘူး လို့လည်း ပြောကြားပါတယ်။

 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ၁၁ ဦးပါရှိကာ နိုင်ငံတော်သမ္မတ၊   ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်တာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos: DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ