Local News: ဗုံးလန့်မှုတွေကြောင့် မန္တလေးမဟာမုနိဘုရားကြီး လုံခြုံရေးတိုးမြှင့်ထား

လုံခြုံရေးဝန်ထမ်းအင်အား ၄၄ ဦးရှိတယ်လို့ ဆိုပါတယ်။

play

 

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရန်ကုန်နဲ့နေပြည်တော်မြို့တွေမှာဖြစ်ပွားခဲ့တဲ့ အသေးစားပေါက်ကွဲမှုတွေကြောင့် မန္တလေးမြို့က မဟာမုနိဘုရားကြီးမှာ လုံခြုံရေးအင်အားတိုးမြှင့်ချထားတယ်လို့ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောပါတယ်။

‘‘ဘုရားကြီးအတွင်းတော် ပိုင်းပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်တို့မှာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ပါ ထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝန်ထမ်း ၁၁ ဦးကို လုံခြုံရေးသင်တန်းပေးထားတယ်။ အဲဒီကနေ ရလာတဲ့အခြေအနေနဲ့ ဘုရားမှာလုပ်နေတဲ့ လုံခြုံရေးနဲ့ ပြန်လည်မျှဝေလုပ် ဆောင်နေတယ်။ အဲဒီထဲကနေ စောင့်ကြည့်ရမယ့်အချက်ဆိုပြီး ဆွဲထုတ်လုပ်ဆောင်ကြတယ်’’လို့  ဦးစိုးလင်းက ပြောပါတယ်။

လုံခြုံရေးတွေကို မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း ဖြတ်လမ်းတွေ၊ မုခ်ဦးနေရာတွေမှာ အဝတ်အစား ပွပွဝတ်ထားသူ ၊ အိတ်တွေ၊ ပစ္စည်းအပိုယူဆောင်လာသူတွေနဲ့  ယာဉ်အပ်နှံရေးနေရာတွေမှာ အထုပ်တွေကို အထူးဂရုစိုက်စောင့်ကြည့်ပြီး မသင်္ကာဖွယ်တွေ့ရင် ဂေါပကရုံးကို အကြောင်းကြားဖို့ မှာကြားထားတယ်လို့ သိရပါတယ်။

မန္တလေး မဟာမုနိဘုရားကြီးမှာ ထပ်မံတိုးခန့်ထားတဲ့ လုံခြုံရေးဝန်ထမ်းအင်အား ၄၄ ဦးရှိပြီး  လုံခြုံရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကို  တင်ပြထားတယ်လို့ ဂေါပကအဖွဲ့ရုံးကနေ သိရပါတယ်။

Source & Photo : 7DayDailys

Video : Youtube(Einda Nyunt)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ