AD
AD
AD
play

 

ဒေါ်လာဈေးကစားသူတွေ ၀ယ်ယူစုဆောင်းမှုကြောင့် နိုဝင်ဘာလ ၂၉ ရက်က ပြင်ပဈေးကွက်မှာ အမေရိကန်ဒေါ်လာရဲ့တန်ဖိုးက တစ်ဒေါ်လာကို ၁,၃၆၀ ကျပ်ခန့်အထိ ရောက်ရှိလာတယ်လို့ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ ရည်ညွှန်းငွေလဲနှုန်းက တစ်ဒေါ်လာကို ၁,၃၀၅ ကျပ် ဖြစ်ပေမယ့် နိုဝင်ဘာလ ၂၉ ရက်မနက်ပိုင်း ဈေးဖွင့်ချိန်မှာ တစ်ဒေါ်လာကို ၁,၃၅၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းမှာ တစ်ဒေါ်လာကို ၁,၃၆၀ ကျပ်အထိရောက်လာလို့ တစ်ရက်တည်းမှာ ၁၀ ကျပ် မြင့်တက်ခဲ့တာပါ။

play

 

ပြင်ပငွေကြေးဈေးကွက်မှာ ကုန်သွယ်မှုလိုငွေကြောင့် အမေရိကန်ဒေါ်လာငွေရှားပါးပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေကာ အမေရိကန်ရွေးကောက်ပွဲနောက် ပိုင်းမှာလည်း ဒေါ်လာတန်ဖိုးက နိုင်ငံတကာမှာ ဆက်လက်မြင့်တက်နေလို့ ကျပ်ငွေတန် ဖိုးဆက်လက်ကျဆင်းနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

ပြင်ပငွေကြေးဈေးကွက်မှာ မြန်မာကျပ်ငွေတန်ဖိုးအနည်းငယ် ပြန်တက်လာပေမဲ့ ငွေကြေးမူဝါဒနဲ့ အစိုးရက ကြားဝင် ထိန်းပေးတာတွေ မရှိရင် အချိန်တိုအတွင်း တန်ဖိုးပြန်လည် ကျဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက ပြောပါတယ်။

Source : 7DayDaily

Photos : bbc,yangoncoocnut

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD