Local News: ညပိုင်းပေါက်ကွဲမှုတွေကြောင့် မူဆယ်ဒေသခံတွေ ထိတ်လန့်နေ

နိုဝင်ဘာ ၂၈ ရက် ညပိုင်းက မူဆယ်မြို့ထဲမှာ လက်နက်ကြီးကျည်နဲ့ မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

play
မူဆယ်မြို့တွင် လုံခြုံရေးရယူနေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ။

 

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မူဆယ်မြို့မှာ ညဘက်အချိန်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေလို့ မြို့နေလူထုတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့  မြို့ခံတွေကပြောခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်ညပိုင်းက မူဆယ်မြို့ထဲမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနဲ့ မိုင်းပေါက်ကွဲမှု သုံးကြိမ်ထက်မနည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

‘‘လက်လုပ်မိုင်းနဲ့ ခွဲတဲ့သဘောပါပဲ။ ထိခိုက်မှုတွေတော့ မရှိပါဘူး။ မြို့တည်ငြိမ်မှုကို သူတို့သိပ်ကြည့် မရဘူးထင်ပါတယ်ဗျာ။ သူတို့က  အဲဒီလိုလုပ်တော့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု ဖြစ်တာပေါ့။ ကျောင်းလေးဖွင့်ခါစရှိသေး တယ်။ ရောင်းရေးဝယ်ရေးတွေ လည်း အကုန်လုံး ဒုက္ခရောက်တာပေါ့။ ပြည်သူတွေ ဒုက္ခရောက်စေ တဲ့ အပြုအမူတွေကိုတော့ ရှောင် ရှားသင့်တယ်လို့ ပြောလိုပါတယ်’’လို့ မူဆယ်ခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနဦးစီးအရာရှိ ဦးဇော်မင်းက ပြောပါတယ်။

play

 

မူဆယ်မြို့မှာ နိုဝင်ဘာ ၂၈ ရက်ညက KIA/TNLA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ လက်လုပ်မိုင်းနှစ်လုံးလည်း ပေါက်ကွဲခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာ ၂၉ ရက်မှာ  သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘဲ KIA၊ TNLA လက်နက်ကိုင်အဖွဲ့တွေက ကောင်းမှုတုံရပ်ကွက်ထဲက စက်မှုကွက်သစ်ထဲကို ဝင်ရောက်ပြီး အလုပ်ရုံတချို့ဆီမှ ဆက်ကြေးတွေ ကောက်ခံပြီး ပြန်လည်ထွက်ခွာသွားလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။

Source : 7DayDaily

Photos : Ye Thiha Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ