Local News: သင်္ဃန်းကျွန်းမှာ နိုင်ငံခြားအရက်အတု လုပ်တဲ့သူကို ဖမ်းမိ

တန်ဖိုးကြီး နိုင်ငံခြားဖြစ်အရက်အတုတွေ ပြုလုပ်နေတာပါ။

play

 

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (က)ရပ်ကွက်၊ အဆင့်မြင့်အိမ်ရာ၊ တိုက်(၉)က နေအိမ်တိုက်ခန်းတစ်ခုမှာ နိုင်ငံခြားအရက် အတုတွေ ပြုလုပ်နေတာသတင်းရလို့ ၀င်ရောက်ရှာဖွေရာမှာ အိမ်ရှင်ဖြစ်သူ ဝေယံလင်း(ခ)လင်းလင်း၊ (၃၂)နှစ်နဲ့အတူ နိုင်ငံခြား အရက်အတုပြုလုပ်ရောင်းချတဲ့နေရာမှာသုံးတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီလိုဖမ်းဆီးခဲ့ရာမှာ နိုင်ငံခြားအရက်တွေလုပ်တဲ့နေရာမှာအသုံးပြုတဲ့ ဆိုးဆေးဘူးတွေ၊ ရေစစ်ဆန်ခါတွေ၊ ပလပ်စတစ်ကတော့တွေနဲ့ နိုင်ငံခြားအရက်ပုလင်းတွေထုပ်ပိုးဖို့ထားရှိတဲ့ ကတ်ထူစက္ကူပြားတွေအပါအ၀င် နိုင်ငံခြားအရက်ပုလင်းခွံမျိုးစုံကို သိမ်းဆည်းရမိခဲ့ပြီး ဝေယံလင်း(ခ)လင်းလင်းကို သုဝဏ္ဏနယ်မြေရဲစခန်းကနေ (ပ)၁၀၁၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၄၂၀/၄၆၈/၄၈၆ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံက တန်ဖိုးကြီး နိုင်ငံခြားဖြစ်အရက်တွေဖြစ်တဲ့ Black Label, Red Label, Chives, High Commissioner စတဲ့ နာမည်ကြီးအရက်တွေကို အတုအပပြုလုပ်နေတာလို့ သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ  တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။

Source & Photo : Yangon Police

သင်သောက်နေတဲ့အရက်က အတုအပရှိတယ်လို့ တွေးမိပါသလား?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ