Local News: ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ အာမခံလျှောက်ထားတာကို တရားရုံးပလပ်

အာမခံလျှောက်ထားတဲ့ အကြောင်းပြချက်ကို မခိုင်လုံလို့ဆိုပြီး ပယ်ချခဲ့တာပါ။

play

 

ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရနေရတဲ့ Eleven Media Group စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ Eleven နေ့စဉ်သတင်းစာ အယ်ဒီတာချုပ်ဦးဝေဖြိုးတို့ရဲ့ အာမခံလျှောက်ထားတဲ့ အကြောင်းပြချက်ကို မခိုင်လုံလို့ဆိုပြီး တာမွေမြို့နယ် တရားသူကြီးက ဒီနေ့(နိုဝင်ဘာ ၃၀ ရက်) ဒုတိယအကြိမ် ရုံးထုတ်တဲ့အချိန်မှာ အာမခံလျှောက်ထားတာကို ပလပ်လိုက်တယ်လို့ သိရပါတယ်။

play

 

ဒေါက်တာသန်းထွဋ်အောင်ရဲ့ကျန်းမာရေး မကောင်းဘူးဆိုတဲ့ အကြောင်းပြချက် တင်ပြမှုက အစိုးရကျန်းမာရေးဆေးရုံရဲ့ ထောက်ခံစာတွေမဟုတ်ဘဲ အပြင်ပုဂ္ဂလိက ဆေးရုံရဲ့ ထောက်ခံစာတွေနဲ့ တင်ပြလာတာဖြစ်ပြီး အကျဉ်းထောင်ရဲ့ ထောက်ခံစာ တွေကိုလည်း တင်ပြလာတာမရှိဘူးလို့ တရားသူကြီးကပြောခဲ့ပြီး ဒီဇင်ဘာ ၉ ရက်မှာ သူတို့နှစ်ဦးကို ထပ်မံရုံးထုတ် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အပေါ် အများပြည်သူအထင်အမြင်လွဲမှားစေပြီး ဂုဏ်သိက္ခာပျက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ၀န်ကြီးချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို နှောင့်ယှက်ဖျက်ဆီးလိုသောဆန္ဒနဲ့ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုတယ်ဆိုပြီး အာမခံမရတဲ့ ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)နဲ့ နိုဝင်ဘာ ၉ ရက်မှာ  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမှုဖွင့်ထားတာဖြစ်ပါတယ်။

Source : 7DayDaily

Photos : Nyein Chan (7DayDaily)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ