Local News: မြန်မာက စင်ကာပူကို နှစ် ၂၀ အတွင်း ကျော်တက်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်း နိုင်ငံတစ်နိုင်ငံရဲ့ အောင်မြင်မှုဟာ ဒေသတစ်ခုလုံး အောင်မြင်မှုဖြစ်တာကြောင့် စင်ကာပူအနေနဲ့ မြန်မာကို ကူညီလိမ့်မယ်လို့ ဆိုပါတယ်။

  play


မြန်မာနိုင်ငံက စီပွားရေးကဏ္ဍမှာ စင်ကာပူကို နှစ်ပေါင်း ၂၀ အတွင်း ကျော်တက်သွားရန် မျှော်လင့်ကြောင်းနဲ့ စင်ကာပူက ကူညီမယ်လို့လည်း မျှော်လင့်ထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

 

စင်ကာပူနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ (နိုဝင်ဘာ ၃၀ ရက်) ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က IE Singapore's Global Conversations စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

play


ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သူ စင်ကာပူနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် လီကွမ်ယုရဲ့ ပြောစကားကို ရည်ညွန်းကိုးကားပြီး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ စင်ကာပူ လွတ်လပ်ရေးရရှိခဲ့ချိန်မှာ ပထမဆုံးဝန်ကြီးချုပ် လီကွမ်ယုက စင်ကာပူဟာ မြန်မာကို နှစ် ၂၀ အတွင်း အမီလိုက်နိုင်မယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

play


ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်း နိုင်ငံတစ်နိုင်ငံရဲ့ အောင်မြင်မှုဟာ ဒေသတစ်ခုလုံး အောင်မြင်မှုဖြစ်တာကြောင့် စင်ကာပူအနေနဲ့ မြန်မာကို ကူညီလိမ့်မယ်လို့ ဆိုပါတယ်။ စင်ကာပူနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ အခက်အခဲ မရှိခဲ့ကြောင်းလည်း ဒေါ်အောင်ဆန်းကြည်က ပြောပါတယ်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် ယနေ့ရောက်ရှိခဲ့ရာ ဝန်ကြီးချုပ်လီရှန်လွန်းက ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ပါတယ်။

play


စင်ကာပူဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မိခင်ဒေါ်ခင်ကြည်နဲ့ စင်ကာပူရဲ့ ပထမဆုံးဝန်ကြီးချုပ် လီကွမ်ယုတို့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံကို အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။


Source & Photo: CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ