Local News: မြန်မာနဲ့စင်ကာပူ ဗီဇာကင်းလွတ်ခွင့် စတင်သက်ရောက်

ဗီဇာကင်းလွတ်ခွင့် ပြုလိုက်ခြင်းကြောင့် နှစ်နိုင်ငံအကြား ခရီးသွားလာမှုကဏ္ဍ ပိုမိုတိုးတက်လာမှာပါ။

play


မြန်မာနဲ့စင်ကာပူ နှစ်နိုင်ငံကြား ယနေ့ (ဒီဇင်ဘာ ၁ ရက်) မှစပြီး ခရီးသွားလာမှုဆိုင်ရာ ဗီဇာ မလိုအပ်တော့ကြောင်း သိရပါတယ်။ နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့် စတင်လိုက်ခြင်းဖြင့် မြန်မာမှ စင်ကာပူကို သွားရောက်လည်ပတ်သူတွေနဲ့ စင်ကာပူမှ မြန်မာကို လာရောက်လည်ပတ်သူတွေဟာ ရက်ပေါင်း ၃၀ ကြာ နေထိုင်ခွင့်အတွက် ဗီဇာလျှောက်ထားရန် မလိုအပ်တော့ကြောင်း သိရပါတယ်။

play
မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် စင်ကာပူဝန်ကြီးချုပ်ကို ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံခဲ့စဉ်။


နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ကို ယခုနှစ် ဇွန်လ ၇ ရက်က မြန်မာနိုင်ငံကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း လာရောက်ခဲ့စဉ် အပြန်အလှန် သဘောတူညီခဲ့ကြတာဖြစ်ပြီး ယနေ့မှာ စတင်သက်ရောက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း စင်ကာပူကို သုံးရက်ကြာခရီးစဉ်အဖြစ် ယမန်နေ့ (နိုဝင်ဘာ ၃၀ ရက်) မှာ စတင်ရောက်ရှိနေကြောင်း သိရပါတယ်။ ဗီဇာကင်းလွတ်ခွင့် ပြုလိုက်ခြင်းကြောင့် နှစ်နိုင်ငံအကြား ခရီးသွားလာမှုကဏ္ဍ ပိုမိုတိုးတက်လာမှာလည်း ဖြစ်ပါတယ်။

play
စင်ကာပူခရီးစဉ်အတွင်း ဂုဏ်ပြုညစာစားပွဲမှာ မိန့်ခွန်းပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်


မြန်မာ့ခရီးသွားလုပ်ငန်း အဖွဲ့အစည်းကလည်း စင်ကာပူမှာ ၂ ရက်ကြာ ခရီးသွားလုပ်ငန်းပြပွဲ သွားရောက်ပြုလုပ်ပြီး စင်ကာပူနိုင်ငံသားများ မြန်မာနိုင်ငံကို ပိုမိုလာရောက်လည်ပတ်ရန် ဆွဲဆောင်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှ စင်ကာပူကို သွားရောက်လည်ပတ်သူ အရေအတွက်ဟာ ယခုနှစ်များအတွင်း ပုံမှန်တိုးတက်နေခဲ့ပါတယ်။

play
စင်ကာပူနိုင်ငံ ညအလှ မီးရောင်စုံမြင်ကွင်း


မြန်မာနိုင်ငံသားများ စင်ကာပူကို သွားရောက်လည်ပတ်မှုဟာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး နှစ်စဉ်အားဖြင့် ၃ ရာခိုင်နှုန်း တိုးတက်နေကြောင်း သိရပါတယ်။

၂၀၁၅ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံမှ စင်ကာပူကို သွားရောက်လည်ပတ်သူ ၁၀၅,၄၅၂ ဦးရှိခဲ့ပြီး တစ်ဦးချင်း ပျမ်းမျှအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၂,၈၂၂ ဖြစ်ပါတယ်။ ယမန်နှစ်အတွင်း စင်ကာပူမှ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ၄၅,၁၂၅ ဦးရှိခဲ့ကြောင်း ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာန စာရင်းများအရ သိရပါတယ်။


Source & Photo: Straits Times, MOI, CNA
 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ