Local News: ရန်ကုန်ဝန်ကြီးချုပ်နေရာ အပြောင်းအလဲလုပ်မယ်ဆိုတဲ့ သတင်းက မမှန်ကြောင်း ဦးဝင်းထိန်ပြောကြား

သတင်း ထွက်ပေါ်လာတဲ့ မနက်မှာပဲ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ စင်ကာပူကို သွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လိုက်လံပို့ဆောင်ခဲ့ပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူး အပြောင်းအလဲပြုလုပ်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပေမဲ့ မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲချုပ် ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်က ပြောကြားခဲ့ပါတယ်။ 

နိုဝင်ဘာ ၂၉ ရက်ညပိုင်းနဲ့ မနေ့က မနက်ပိုင်းတွေမှာ  အဆိုပါသတင်းဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတာဖြစ်ပြီး ဦးဖြိုးမင်းသိန်းရဲ့ နေရာမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဒေါ်စန္ဒာမင်းနဲ့ ဦးနေဘုန်းလတ်တို့နှစ်ဦးအနက် တစ်ဦးက ဝန်ကြီးချုပ်ဖြစ်လာဖို့ သတင်းထွက်ကြောင်း The Myanmar Times ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဆိုပါသတင်းကို ပြန်လည်ဖြုတ်ချခဲ့ပြီး အဆိုပါသတင်း မမှန်ကြောင်း ဦးဝင်းထိန်က ပြည်တွင်း မီဒီယာတွေကို  ပြောကြားခဲ့တဲ့ သတင်းကို ပြန်လည်ဖော်ပြခဲ့ပါတယ်။

သတင်း ထွက်ပေါ်လာတဲ့ မနက်မှာပဲ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ စင်ကာပူကို သွားရောက်တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်လေဆိပ်သို့ လိုက်လံပို့ဆောင်ခဲ့ပါတယ်။

Source: 7Day Daily
Photos: CNA, May Wong

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ