Local News: ဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ကေအိုင်အေ ပြန်လွှတ်ပေး

ဖမ်းဆီးခံရတဲ့ အချိန်မှာလည်း အနှိပ်စက်ခံရတာ လုံးဝမရှိပါဘူး။

play

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ရဲကင်းစခန်းမှ ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ  ဒုရဲအုပ်မြင့်ဌေးနဲ့ ရဲတပ်ကြပ် လင်းထက်တို့ဖြစ်ပြီး  နိုဝင်ဘာ ၂၉ ရက်ညနေမှာ ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ နမ့်ဖက်ကာ ရဲကင်းစခန်းမှူး ရဲအုပ်မိုးကျော်က ပြောထားတာ ဖြစ်ပါတယ်။

ညနေ ၄ နာရီလောက်က ပြန်ရောက်လာတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ အချိန်မှာလည်း အနှိပ်စက်ခံရတာ လုံးဝမရှိပါဘူးလို့  နမ့်ဖက်ကာ ရဲကင်းစခန်းမှူးက ပြောထားပါတယ်။ ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ရဲတပ် ဖွဲ့ဝင်ဆိုတာ ဖမ်းပြီးမှသူတို့သိတာပါ လို့လည်း ပြောကြားပါတယ်။

 ပြန်လည်လွတ်မြောက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပုံမှန်တာဝန်တွေ ပြန်လည်ပေးအပ်ထားပြီးဖြစ်တယ်လို့ နမ့်ဖက်ကာ ရဲကင်းစခန်းမှူးက ပြောကြားထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ