Local News: လက်ဝါးကြီးအုပ်မှုတွေကြောင့် မြေဈေးတက်နေပြီး အစိုးရသတ်မှတ်နှုန်းနဲ့ပြန်သိမ်းဖို့ အကြံပြု

ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရာမှာ အခုလိုထည့်သွင်း အကြံပြုခဲ့တာလည်း ဖြစ်ပါတယ်။

play

 

မြေကို လက်ဝါးကြီးအုပ် ယူထားမှုတွေကြောင့် မြေဈေးနှုန်း အဆမတန်မြင့်တက်ကာ ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေ အခက်အခဲဖြစ်နေပြီး အစိုးရအဖွဲ့က သတ်မှတ်နှုန်းနဲ့ မြေသိမ်းဆည်းလျော်ကြေးပေးကာ အကျိုးရှိစွာ စီမံခန့် ခွဲ အသုံးချဖို့ လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပါတယ်။

ပြည်တွင်းသတင်းစာကြီးတစ်စောင်ရဲ့ ဖော်ပြချက်အရ အမျိုးသား မြေအသုံးချမှု မူဝါဒကို ပြန်လည်သုံးသပ် ရေးဆွဲနိုင်ရေးအတွက် အကြံပြုတင်ပြချက်ကို အဆိုပါကော်မရှင်က နိုဝင်ဘာ ၃၀ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရာမှာ အခုလိုထည့်သွင်း အကြံပြုခဲ့တာလည်း ဖြစ်ပါတယ်။

 မြေအားလုံးရဲ့ ပင်ရင်းပိုင်ရှင်ဖြစ်တဲ့ နိုင်ငံတော်အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် လိုအပ်ရင် မြေကိုသိမ်းဆည်းပြီး စီမံခန့်ခွဲပိုင်ခွင့်ကိုလည်း မူဝါဒမှာ ထည့်သွင်းထားဖို့ လိုအပ်ကြောင်းလည်း ပါရှိပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ