Local News: ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုပြီး အမည်ပေးခဲ့တဲ့ စင်ကာပူရုက္ခဗေဒဥယျာဉ်မှ သစ်ခွပန်း

စင်ကာပူနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ဂုဏ်သရေရှိသူတွေကို ဂုဏ်ပြုတဲ့အနေဖြင့် ရုက္ခဗေဒဥယျာဉ်အတွင်း ၎င်းတို့ရဲ့အမည်များ သတ်မှတ်ထားတဲ့ သစ်ခွအမျိးအစား ၂၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

play
Papilionanda Aung San Suu Kyi သစ်ခွပန်းများနှင့်အတူ တွေရသည့် ဒေါ်အောင်ဆန်းစုကြည်


စင်ကာပူနိုင်ငံကို တရားဝင် ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေဖြင့် စင်ကာပူအစိုးရက ရုက္ခဗေဒဥယျာဉ်အတွင်းရှိ ခရမ်းရောင် သစ်ခွပန်းတစ်မျိုးကို 'ဒေါ်အောင်ဆန်းစုကြည်' အမည်ပေးလိုက်ကြောင်း သိရပါတယ်။

play


'Papilionanda Aung San Suu Kyi' လို့ အမည်ပေးလိုက်တဲ့ ခရမ်းရောင်း သစ်ခွပန်းကို ယနေ့ (ဒီဇင်ဘာ ၁ ရက်) နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ရုက္ခဗေဒဥယျာဉ်ကို လာရောက်ကြည့်ရှုစဉ် စင်ကာတာဝန်ရှိသူတွေက ဂုဏ်ပြုပြသခဲ့ပါတယ်။

စင်ကာပူနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ဂုဏ်သရေရှိသူတွေကို ဂုဏ်ပြုတဲ့အနေဖြင့် ရုက္ခဗေဒဥယျာဉ်အတွင်း ၎င်းတို့ရဲ့အမည်များ သတ်မှတ်ထားတဲ့ သစ်ခွအမျိးအစား ၂၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

play


ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

play


စင်ကာပူနိုင်ငံက သစ်ခွပန်းအမည်များပေးပြီး ဂုဏ်ပြုခံရသူတွေအနက် ဗြိတိန်မှ ကိန်းဘရစ်ခ်ျမြို့စား မင်းသားဝီလျံနဲ့ ဇနီးဖြစ်သူ ကိတ်မစ်ဒယ်လ်တန်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ကွယ်လွန်သူ တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလားတို့ ပါဝင်ကြောင်း သိရပါတယ်။
Source & Photo: CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ