Local News: ရွှေတိဂုံမှာ ကပ်လှူထားတဲ့ ရွှေစင်ရွှေပြားတွေရဲ့ အရည်အသွေးကို ပြန်လည်စစ်ဆေးမယ်

သက်ဆိုင်ရာ ကန်ထရိုက်လုပ်ငန်းရှင်တွေကို အရေးယူ ဆောင်ရွက်မှာ ဖြစ်တယ်။

play

 

 ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ကန်ထရိုက်စနစ်နဲ့ ကပ်လှူထားတဲ့ ရွှေစင်ရွှေပြားတွေရဲ့ အရည်အသွေး နဲ့ အရွယ်အစားပမာဏတို့ကို စစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

စစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးမှာ ဖြစ်ပြီး စစ်ဆေးပြီး တွေ့ရှိတဲ့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု စနစ်နဲ့အညီ သက်ဆိုင်ရာ ကန်ထရိုက်လုပ်ငန်းရှင်တွေကို အရေးယူ ဆောင်ရွက်မှာ ဖြစ်တယ်လို့  သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကပြောထားပါတယ်။  ၂၀၁၇ ပွင့်လင်းရာသီမှာ ဝါးငြမ်းတွေဆင်ပြီး ရွှေစင်ရွှေပြား အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းတွေ  စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

 ဝါးငြမ်းများဆင်ရာမှာ ဝါးတန်ဖိုးနဲ့ လုပ်အားခအပါအဝင် ငွေကျပ်သိန်း ၄၀၀ ကျော် ကုန်ကျမှာ ဖြစ်ပြီး အချိန်ကာလအားဖြင့် ၂ လကြာမြင့်မှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ