Local News: လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာနဲ့ သက်ငယ် မုဒိမ်းတို့ကို တိုင်ကြားနိုင်တဲ့ ဖုန်းနှစ်လုံးထုတ်ပြန်

အရေးပေါ်ဖုန်းနှစ်လုံး သီးသန့်တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

play

 

ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုနဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သူတွေကို အသိပေးတိုင်ကြားနိုင်ဖို့ နေပြည်တော်က လူမှုဝန်ထမ်းဦးစီးဌာနမှာ အရေးပေါ်ဖုန်းနှစ်လုံး သီးသန့်တပ်ဆင်ထားတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကလေးသူငယ်တွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အမြတ်ထုတ်တာတွေ ဖြစ်ခဲ့ရင် လူမှုဝန်ထမ်းဦးစီးဌာန(နေပြည်တော်) ဖုန်း ၀၆၇-၄၀၄၉၉၉ နဲ့ ၀၆၇-၄၀၄၂၂၂ တို့ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုတွေက ကျေးလက်ဒေသတွေမှာ အများဆုံးဖြစ်ပွားနေပြီး မြို့ပြတွေရှိ မြို့စွန်ရပ်ကွက်တွေမှာ အများဆုံး ဖြစ်ပွားနေတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့ပထမ ၁၀ လအတွင်း မုဒိမ်းမှု ၇၆၁ မှုရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၃၈၀ မှုရှိခဲ့ကာ ရန်ကုန်တိုင်းထဲမှာ ၁၀ လအတွင်း သက်ငယ်မုဒိမ်းမှုပေါင်း ၇၄ မှုဖြစ်ခဲ့လို့ လေးရက်ကို ကလေးငယ်တစ်ဦးနှုန်း လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတယ်လို့ ဆိုပါတယ်။

Source : 7DayDaily

သက်ငယ်မုဒိမ်းမှုတွေ မဖြစ်အောင် ဘယ်လိုလုပ်သင့်သလဲ ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ