Local News: အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်မှု သေဆုံးသူ ၃၇ ဦးကို မြန်မာ့အာမခံလုပ်ငန်းက နစ်နာကြေးပေး

တစ်ဦးကို ကျပ် ၁၀ သိန်းစီ ပေးအပ်ခဲ့တာပါ။

play

 

အောက်တိုဘာလ ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ ချင်းတွင်းမြစ်ထဲမှာ အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်ခဲ့တာကနေ သေဆုံးသူတွေထဲက အချက်အလက်ပြည့်စုံသူ ၃၇ ဦးအတွက် မြန်မာ့အာမခံလုပ်ငန်းက အာမခံနစ်နာကြေးအနေနဲ့ တစ်ဦးကို ကျပ် ၁၀ သိန်းစီ ပေးအပ်ခဲ့တယ်လို့ သိရပြီး ဒဏ်ရာရရှိသူတွေအတွက် ဆေးရုံကို တက်ရောက်ကုသမှု ခံယူသူစာရင်း အတိအကျမရှိလို့ အာမခံနစ်နာကြေး မပေးနိုင်ဘူးလို့ ဆိုပါတယ်။

play

 

‘‘ရဲစခန်းထောက်ခံချက်၊ ဆေးရုံထောက်ခံချက်တွေနဲ့ သေဆုံးသူ ဘယ်သူဘယ်ဝါ ဘယ်ဒေသမှာနေတယ် စတဲ့ထောက်ခံ ချက်တွေ ပြည်စုံတဲ့သူတွေကို နှစ်ပတ်အတွင်း အမြန်ပေးအပ်နိုင်ဖို့ ကြိုးစားခဲ့တာပါ။ ရသလောက်တော့ ပေးနေပါပြီ။ နောက်ထပ်လည်း ၁၁ ဦး ပေးအပ်ဖို့လုပ်နေပြီ။ သေဆုံးတဲ့သူတွေကိုတော့ အားလုံးပေးနိုင်အောင် ကြိုးစားသွားပါ့မယ်’’လို့ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောပါတယ်။

ကနီမြို့နယ် မိချောင်းတွင်း ကျေးရွာနားက ချင်းတွင်းမြစ်ထဲမှာဖြစ်ပွားခဲ့တဲ့ အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်မှုမှာ ခရီးသည် ၁၅၉ ဦးကို  အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီး သေဆုံးရုပ်အလောင်း ၇၃ ဦးကို ဆယ်ယူနိုင်ခဲ့ကာ သေဆုံးသူတွေထဲက ကျန်ရှိ သူ ၃၆ ဦးအတွက်လည်း အာမခံနစ်နာကြေးတွေ ပေးအပ်သွားမယ်လို့ ဦးအေးမင်းသိန်းက ပြောထားပါတယ်။

Source : 7DayDaily

Photos :  MMK,7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ