Local News: ဒေါ်အောင်ဆန်းစုကြည် ဖယောင်းရုပ်တု စင်ကာပူ မဒမ်တူးဆော့ပြတိုက်မှာ ဖွင့်လှစ်

စင်ကာပူရောက် မြန်မာတွေနဲ့ အနုပညာရှင်တွေက ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံစံတူဖယောင်းရုပ်ကို စင်ကာပူနိုင်ငံမှာရှိတဲ့ မဒမ်တူးဆော့ ဖယောင်းပြတိုက်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံကို နိုဝင်ဘာလ ၃၀ ရက်ကစပြီး သုံးရက်ကြာ အလည်အပတ်ခရီးရောက်ရှိနေတဲ့အချိန်မှာ စင်ကာပူရောက် မြန်မာတွေနဲ့ မြန်မာအနုပညာရှင်တွေက စင်ကာပူမှာရှိတဲ့ မဒမ်တူးဆော့ ဖယောင်းပြတိုက်မှာ ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံရဲ့ Botanical Garden မှာရှိတဲ့ Orchid Garden မှာ VIP သစ်ခွအဖြစ် ဒေါ်အောင်ဆန်းစုကြည် အမည်ပေးထားတဲ့ သစ်ခွကိုလည်း စိုက်ပျိုး ဂုဏ်ပြုခဲ့ကြပြီး စင်ကာပူနဲ့ မြန်မာနှစ်နိုင်ငံအကြား တစ်လတာ ဗီဇာကင်းလွတ်ခွင့်လည်း စတင်လိုက်ပြီဖြစ်ပါတယ်။

Source : 7DayTV

Photo: Myanmar State Counsellor Office

Video : Youtube(Suhali JinDran)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ