Local News: သာကေတမှာ ဈေးသည်အချင်းချင်း စကားများတာကနေ ရဲဝင်ထိန်းရ

ဘာသာခြားအမျိုးသားနှစ်ဦးက လမ်းဘေးမှာ ဈေးရောင်းချနေသူတွေကို ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

သာကေတမြို့နယ်၊ (၁၀)ရပ်ကွက်၊ ရတနာပုံ (၁)လမ်းမှာ ဘာသာခြားအမျိုးသားနှစ်ဦးက လမ်းဘေးမှာ ဈေးရောင်းချနေသူတွေကို ရိုက်နှက်မှုဖြစ်ပွားခဲ့လို့ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်မှု ဖြစ်မလာစေဖို့ အခင်းဖြစ်ပွားတဲ့နေရာတွေမှာ လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

ဒီနေ့ (ဒီဇင်ဘာ၁ရက်) မနက်၆နာရီခွဲလောက်က သာကေတမြို့နယ် ရတနာပုံ (၁)လမ်းမှာ လမ်းဘေးမှာ ကုန်စိမ်းရောင်းချနေတဲ့ သူတွေကို ဘာသာခြားတစ်ဦးက သူ့ရဲ့ဆိုင်ရှေ့မှာရောင်းချနေတယ်ဆိုပြီး ကုန်စိမ်းတွေကို ဖျက်ဆီးကာ ဈေးသည်တချို့ကို ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သာကေတမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ်မြင့်ဇော်ဦးက ဆဲဗင်းဒေးသတင်းစာကို ပြောပါတယ်။

play

 

ဒီဖြစ်စဉ်ကြောင့် အနီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေက ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တဲ့ဘာသာခြားတွေ ရောင်းချနေတဲ့ ကုန်စုံဆိုင်တွေကို ပိတ်သိမ်းပေးဖို့ ပြောဆိုပြီး ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဘာသာရေး၊လူမျိုးရေး အသွင်ဆောင်မှု ဖြစ်မလာစေဖို့ သာကေတမြို့နယ်ရဲတပ်ဖွဲ့က ကုန်စိမ်းဈေးသည်တွေကို ရိုက်နှက်တဲ့ ဘာသာခြားနှစ်ဦးကို ဖမ်းဆီးပြီး အခင်းဖြစ်ပွားတဲ့ နေရာတွေကို လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ရဲအုပ်မြင့်ဇော်ဦးက ပြောပါတယ်။

Source : 7DayDaily

Photos : Nyein Chan (7DayDaily)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ