Local News: ညဈေးမှာနေရာရပြီး ဈေးမရောင်းရင် ရောင်းချခွင့် ပြန်သိမ်းမယ်

ဆိုင်ခန်းနေရာမရသေးတဲ့ ဈေးသည်တွေကို နေရာချထားပေးသွားမှာပါ။

အသစ်ဖွင့်လှစ်လိုက်တဲ့ ရန်ကုန်ညဈေးမှာ ဆိုင်ခန်းနေရာရထားပြီး လာမဖွင့်တဲ့ လမ်းဘေးဈေးသည်တွေရဲ့ ဆိုင်ခန်းတွေကို ဒီဇင်ဘာလ ၁ ရက်ကစပြီး စစ်ဆေးကာ ရောင်းချခွင့်ပြန်လည် ရုတ်သိမ်းသွားမယ်လို့ သိရပါတယ်။

play

 

ဒီလိုပြန်သိမ်းမယ့်ဆိုင်ခန်းတွေကို ဆိုင်ခန်းနေရာမရသေးတဲ့ ဈေးသည်တွေအတွက် နေရာချထားပေးသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန ဒုတိယဌာနမှူး ဦးညီညီဦးက ပြောပါတယ်။ လောလောဆယ်မှာတော့ ရန်ကုန် ညဈေး သစ်မှာ မြို့တွင်းလေးမြို့နယ်က အစားအသောက်နဲ့ သစ်သီးဆိုင်တွေ အတွက်ပဲ နေရာချထားပေးနိုင်သေးတယ်လို့ ဆိုပါတယ်။

Source : 7DayTV

Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ