Local News: ရန်ကုန်က မြစ်ကူးတံတားကိုးစင်းမှာ ယာဉ်ဖြတ်သန်းခ ကောက်တာရပ်မယ်

၂၀၁၇ ဧပြီလ ၁ ရက်က စပြီး ရပ်ဆိုင်းတော့မှာပါ။

play

 

ရန်ကုန်တိုင်းဒေသကြီးထဲမှာရှိတဲ့ တံတားဖြတ်သန်းခကောက်ခံတာတွေကို လာမယ့် ၂၀၁၇ ဧပြီလ ၁ ရက်နေ့ကနေစပြီး ရပ်ဆိုင်းသွားတော့မယ်လို့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီနေ့မနက်ပိုင်းက ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယသမ္မတဦးဆောင်တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းထဲမှာရှိတဲ့ အဓိကတံတားကြီးကိုးစင်းမှာ ယာဉ်ဖြတ်သန်းခတွေ ကောက်ခံတော့မှာမဟုတ်ဘဲ ငွေကြေးမကောက်ခံပေမဲ့ တန်ပိုတင်တဲ့ ယာဉ်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဆိုပါတယ်။

play

 

တိုင်းဒေသကြီး အစိုးရအဖွဲ့က နေ့ခင်းဘက်ကုန်တင်ယာဉ်တွေကို သွားလာခွင့် ကန့်သတ်ထားပေမဲ့ အရေးကြီးတဲ့ ကုန်စည်တွေကိုတော့ နေ့ခင်းဘက်ပါ သွားလာခွင့်ပေးသွားမှာဖြစ်ပြီး ဆိပ်ကမ်းကနေ ကုန်သေတ္တာတွေ ထုတ်ယူနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရက ဆိပ်ကမ်းမှာ ရုံးထိုင်ပြီး မြန်ဆန်အောင် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

အရင်တုန်းကတော့ ကုန်သေတ္တာယာဉ်တွေကို နိုဝင်ဘာ ၁ ရက်မှစပြီး ည ၉ နာရီကနေ မနက် ၆ နာရီအထိပဲ သတ်မှတ်လမ်းကြောင်း တွေမှာ ပြေးဆွဲခွင့်ပေးတော့မယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့မှပဲ ဒီအစီအစဉ်ကို စတင်တော့မယ်လို့ သိရပါတယ်။

Source : The Voice,7DayDaily

Photo : Wiki,construction net

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ