Local News: လက်ဖက်ရည်တစ်ခွက် လျှော့သောက်ဖို့ ပြောလိုက်တဲ့ လယ်ဆည်ဝန်ကြီး

ဒီနေ့ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

 

နိုင်ငံတော်က ဘတ်ဂျတ်မတတ်နိုင်တဲ့ နေရာတွေမှာ သုံးစွဲသွားနိုင်ဖို့ လက်ဖက်ရည်တစ်ခွက် နေ့တိုင်းလျှော့သောက်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူုရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဒေါက်တာအောင်သူက ဒီနေ့ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်တစ်ဦးရဲ့အမေးကို ဖြေကြားရာမှာ ဒေါက်တာအောင်သူက “ယင်းအစီအစဉ်ကို မျှဝေခြင်းဟု ခေါ်ဆိုနိုင်ပြီး မကြာမီလပိုင်းအတွင်း စိုက်ပျိုးမွေးမြူုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းများဖြင့် အကောင်အထည်ဖော်မည်”လို့ ပြောခဲ့တာပါ။

play

 

“လျှော့သောက်လိုက်တဲ့ လက်ဖက်ရည်တစ်ခွက်ဖိုးကို ထည့်ဝင်ခြင်းအားဖြင့် မျှဝေလုပ်မယ်။ ကျန်တော်တို့ ဌာနက ဝန်ထမ်းတွေနဲ့ စတင်အကောင်ထည်ဖော်မှာပါ၊ ဒီအစီအစဉ်ကို ဆောင်ရွက်နိုင်တယ်ဆိုရင် နိုင်ငံတော်ကမတတ်နိုင်တဲ့ နေရာတွေကို ကူညီလှူဒါန်းနိုင်မည် ဖြစ်ပါကြောင်း” လို့ ဒေါက်တာအောင်သူက လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

Source & Photo : The Voice

Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ