Local News: ရန်ကုန်မြို့တွင်းလေးမြို့နယ်က လမ်းဘေးဈေးသည်တွေကို စတင်ဖယ်ရှား

ဒီနေ့ နေ့လယ်ပိုင်းက စတင်ဖယ်ရှားခဲ့တာပါ။

play

 

ရန်ကုန်မြို့တွင်းလေးမြို့နယ်ဖြစ်တဲ့ ကျောက်တံတား၊ပန်းပဲတန်း၊လသာနဲ့ လမ်းမတော် စတဲ့မြို့နယ်တွေရဲ့ အဓိကလမ်းမကြီး တွေပေါ်မှာ ရောင်းချနေတဲ့ လမ်းဘေးဈေးဆိုင်တွေကို ရန်ကုန်မြို့စည်ပင်သာယာရေးအဖွဲ့နဲ့ စည်ပင်ရဲတပ်ဖွဲ့တို့က ဒီနေ့ (ဒီဇင်ဘာ ၁ ရက်) နေ့လယ်ပိုင်းမှာ စတင်ဖယ်ရှားနေတယ်လို့ သိရပါတယ်။

play

 

အဆိုပါမြို့နယ်လေးမြို့နယ်က လမ်းမကြီးပေါ်မှာ လမ်းဘေးဈေးသည်တွေအတွက် ဈေးမရောင်းရနယ်မြေအဖြစ် သတ်မှတ်ထားပြီး တွေ့ရှိရင် ဥပဒေအရ အရေးယူသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တောင်ပိုင်းခရိုင် စီမံရေးရာဌာန၊ ဒုခရိုင်မှူး ဦးမြင့်ဝင်းက ပြောပါတယ်။

play

 

စားသောက်ကုန်နဲ့ သစ်သီးတွေရောင်းချတဲ့ ဈေးသည်တွေအတွက် ရန်ကုန်မြို့တော်စည်ပင်က ကမ်းနားလမ်းမှာရှိတဲ့ ညဈေးတန်းမှာ ဈေးဆိုင်ခန်းနေရာတွေ ချပေးထားတယ်လို့  ဦးမြင့်ဝင်းက ပြောပါတယ်။

လမ်းဘေးဈေးသည်တွေက စိတ်အနှောက်အယှက် ဖြစ်စေတယ်လို့ ထင်ပါသလား ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ