Local News: ကိုဖီအာနန်နဲ့ မတွေ့ဆုံဖို့ ရခိုင်လူမှုအဖွဲ့အစည်း ၇၀ ကျော် ဆုံးဖြတ်

ပြန်လည်မဖြေရှင်းသရွေ့ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ကော်မတီနာယက ဦးသန်းထွန်းက ပြောထားတယ်။

play

 

ကိုဖီအာနန်ခေါင်းဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးတာတွေမလုပ်ဖို့  အဖွဲ့အစည်း ၇၀ ကျော် ပါဝင်တဲ့  ရခိုင်လူမှုအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီက ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

 ကိုဖီအာနန်ရဲ့ ပထမအကြိမ် ရခိုင်ပြည်နယ်ခရီးစဉ်မှာ မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးအမည်ကို တရားဝင်ရှိတဲ့ ပုံစံသုံးနှုန်းသွားတာကို ကန့်ကွက်ပြီး အဆိုပါအကြောင်းအရာကို ပြန်လည်မဖြေရှင်းသရွေ့ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ကော်မတီနာယက ဦးသန်းထွန်းက ပြောထားတယ်လို့ ပြည်တွင်း သတင်းစာကြီးတစ်စောင်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ကိုဖီအာနန် ရခိုင်ပြည်နယ် မောင်တောမြို့ကို ရောက်ရှိမယ့်ဒီဇင်ဘာ ၃ရက်မှာလည်း  ဘူးသီးတောင်မြို့မှာ  ဆန္ဒဖော်ထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုချက်ကို ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှူးသို့ နိုဝင်ဘာ ၃၀ ရက်က ခွင့်ပြုချက် တင်လိုက်ပြီဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မယ့် ကိုဝင်းနိုင်က ပြောကြားပါတယ်။

Photos & Source: 7Day Daily, နစ်ကီ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ