Local News: ပြုပြင်သင့်တာကို ရဲရဲဝံ့ဝံ့ အကြံပြုပေးဖို့ စင်္ကာပူရောက်မြန်မာတွေကို ဒေါ်အောင်ဆန်းစုကြည်ပြော

စင်္ကာပူရောက်မြန်မာတွေ တာဝန်သိသိနဲ့ တက်တက်ကြွကြွ ပါဝင်မဲပေးခဲ့တဲ့အပေါ် ကျေးဇူးတင်တယ်။

play

 

ပြုပြင်သင့်တာတွေကို ရဲရဲဝံ့ဝံ့ အကြံပြုပေးဖို့ စင်ကာပူရောက် မြန်မာတွေကို ဒေါ်အောင်ဆန်းစုကြည်က  မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူရောက် မြန်မာ ၇,၀၀၀ ခန့်တို့ရဲ့ တစ်နာရီ ကြာတွေ့ဆုံပွဲကို Big Box ခန်းမမှာ ဒီဇင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားတာ ဖြစ်ပါတယ်။

play

 

"ဘယ်အစိုးရမှ၊ ဘယ်သူမှ အမှား မရှိဘူးဆိုတာ မရှိပါဘူး။ အဲဒီ တော့ အမေတို့ အစိုးရအနေနဲ့ ပြု ပြင်သင့်တာတွေ ရှိလို့ရှိရင်လည်း ရဲရဲဝံ့ဝံ့နဲ့ စေတနာအပြည့်အ၀နဲ့ အကြံပြုကြပါလို့လည်း မေတ္တာ ရပ်ခံချင်ပါတယ်’’လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

 ဘေးဆိုင်းတီးသူတွေကို နားမယောင်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ရွေးကောက်ပွဲမှာ စင်္ကာပူရောက်မြန်မာတွေ တာဝန်သိသိနဲ့ တက်တက်ကြွကြွ ပါဝင်မဲပေးခဲ့တဲ့အပေါ် ကျေးဇူးတင်တယ်လို့လည်း ဆိုပါတယ်။

play

 

ယခုအချိန်ဟာ ညီညွတ်ဖို့ ပိုမိုလိုနေတဲ့ အချိန်ဖြစ်ပြီး  နိုင်ငံသားတွေရဲ့ ပူးပေါင်းမှုဟာ အရေးကြီးတယ်လို့ ပြောကြားပါတယ်။

Source: 7Day Daily
Photos : စလုံး, Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ