Local News: မလေးရှားရှိ မြန်မာနိုင်ငံသားများ အထူးဂရုပြုသွားလာနေထိုင်ကြရန် မြန်မာသံရုံး တိုက်တွန်း

မောင်တောဒေသနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်မှာမည်ဖြစ်တာကြောင့် မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို သံရုံးက သတိပေးတိုက်တွန်းချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

play


မလေးရှားနိုင်ငံမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားများ အနေဖြင့် အထူးဂရုပြု သွားလာနေထိုင်ကြရန် မြန်မာသံရုံးက သတိပေးတိုက်တွန်းချက် ယနေ့ (ဒီဇင်ဘာ ၂ ရက်) ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံရှိ နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများနဲ့ NGO များက ဦးဆောင်ပြီး မြန်မာသံရုံးသို့ လာရောက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး လာမယ့် ရက်များအတွင်းမှာလည်း ဆန္ဒပြမှုများ ဆက်လက် ပြလုပ်သွားရန်ရှိတာကြောင့် မြန်မာသံရုံးက ထိုသို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

play


မလေးရှားနိုင်ငံမှာ မောင်တောဒေသနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်မှာမည်ဖြစ်ကြောင်း သိရှိရတာကြောင့် မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အထူးဂရုပြု သွားလာနေထိုင်ကြရန် တိုက်တွန်းအပ်ကြောင်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source: MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ