Local News: မုံးကိုးမှာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

နိုဝင်ဘာ ၂၀ ရက်မှစပြီး မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်၊ မူဆယ်နှင့် ကွတ်ခိုင်နယ်မြေအတွင်း KIA, TNLA, MNDAA, AA ပူးပေါင်းအဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေခဲ့ပါတယ်။

play


ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း မုံးကိုးမြို့ရှိ မုံးကိုးစခန်းကို ယနေ့ (ဒီဇင်ဘာ ၂ ရက်) ည ၈ နာရီခန့်မှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအောင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ပူးပေါင်းအဖွဲ့ အင်အား ၂၀၀ ခန့်က ယူနီးဖောင်းဝတ်များ၊ အရပ်ဝတ်များဖြင့် စခန်းမြောက်ဘက်မှ လက်နက်ကြီးပစ်ကူများရယူကာ ချဉ်းကပ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

play


ထိုသို့တိုက်ခိုက်လာမှုကို မုံးကိုးစခန်းရှိ တပ်မတော်သားများက ကျားကုတ်ကျားခဲ ပြန်လည်တိုက်ခိုက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရှိရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဖေ့စ်ဘွတ်မှာ သတင်းဖော်ပြထားပါတယ်။

နိုဝင်ဘာ ၂၀ ရက်မှစပြီး မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်၊ မူဆယ်နှင့် ကွတ်ခိုင်နယ်မြေအတွင်း KIA, TNLA, MNDAA, AA ပူးပေါင်းအဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေခဲ့ပြီး နှစ်ဖက် သေဆုံးဒဏ်ရာရရှိမှုများရှိကြောင်း သိရပါတယ်။
Source: နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ