Local News: စမ်းချောင်းမှာ ငွေလဲကောင်တာကို ဓားပြတိုက်ပြီး သေနတ်မိုးပေါ်ထောင်ဖောက်မှုဖြစ်

သေနတ်နှစ်ချက် ဖောက်သွားတယ်လို့ သိရပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်းထဲက မြေညီထပ်တိုက်ခန်းတစ်ခုမှာ ဖွင့်လှုစ်ထားတဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ ကောင်တာတစ်ခုမှာ ဓားပြတိုက်ပြီး သေနတ်မိုးပေါ်ထောင်ဖောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

play

 

 ဓားပြတိုက်သူတွေက MS Group Money Exchange ငွေလဲကောင်တာထဲကို မျက်နှာဖုံးစွပ်တွေနဲ့ ဝင်ရောက်ခဲ့တာဖြစ်ပြီး ငွေတွေကို ယူဆောင်ကာ ထွက်ပြေးသွားခဲ့တာဖြစ်ပြီး အငှားယာဉ်ပေါ်မတက်ခင် သေနတ်နှစ်ချက်မိုးပေါ်ထောင်ဖောက်သွားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အခင်းဖြစ်ပွားတဲ့နေရာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေရောက်ရှိနေပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကို ဖမ်းဆီးရမိဖို့ စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် ဓားပြတိုက်တဲ့သူတွေက ငွေလဲကောင်တာမှာ တပ်ဆင်ထားတဲ့ စီစီတီဗွီတွေကိုပါ ဖြုတ်ယူသွားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Moenay Arkar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ