Local News: မြန်မာနိုင်ငံမှာ အမျိုးသားချင်း ချစ်ခင်သူ ၂ သိန်းခွဲကျော်ရှိ

HIV ပိုးနဲ့ အသက်ရှင်နေထိုင်သူ ၁၁ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်။

play

 

 မြန်မာနိုင်ငံမှာ အမျိုးသားချင်း ချစ်ခင်စုံမက်သူ ခန့်မှန်းခြေ နှစ်သိန်းခွဲကျော်ရှိ တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက် ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့အတွက် UNAIDS က ထုတ်ဝေတဲ့ ၂၀၁၅ အချက်အလက်တွေအရ အမျိုးသားချင်းချစ်ခင်သူ ခန့်မှန်းခြေ နှစ်သိန်းခွဲကျော်ရှိတယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အမျိုးသားချင်းချစ်ခင်စုံမက်သူတွေထဲမှာ HIV ပိုးနဲ့ အသက်ရှင်နေထိုင်သူ ၁၁ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့လည်း UNAIDS က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ လိင်လုပ်ငန်းနဲ့ အသက်မွေးနေတဲ့အမျိုးသမီးပေါင်း ၆၆,၀၀၀ ရှိတယ်လို့လည်း ခန့်မှန်းထားပြီး  လိင်လုပ်ငန်းနဲ့ အသက်မွေးသူ အမျိုးသမီးထဲမှ HIV ပိုးနဲ့ အသက်ရှင်နေထိုင်သူ ၁၄ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်းလည်း UNAIDS က ထုတ်ပြန်ထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ