Local News: အင်းစိန်က လျှောက်သွားနေတဲ့ ၃ နှစ်အရွယ်ကလေး မိခင်နဲ့ ပြန်တွေ့သွားပြီ

သားအမိဆိုတာ ငြင်းစရာမရှိဘူး။

play

 

အင်းစိန်မြို့နယ်က ဈေးဝယ်စင်တာတစ်ခုအနီး အသက် (၃)နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦး လျှောက်သွားနေတာကြောင့် အမျိုးသမီးတစ်ဦးက ခေါ်ယူစောင့်ရှောက်ထားရာမှာ မိခင်က လာရောက်ခေါ်ဆောင်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

ကလေးမိခင်ဖြစ်သူ ရောက်လာကာ အထောက်အထားတွေ အကုန်လုံးပြနိုင်သလို ကလေးနဲ့ မိခင်ဖြစ်သူ ဆက်ဆံပုံ ကြည့်ရင် သားအမိဆိုတာ ငြင်းစရာမရှိဘူးလို့  စောင့်ရှောက်ထားတဲ့ အမျိုးသမီးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ ကလေးနဲ့အမေဖြစ်သူဟာ ဈေးဝယ်ထွက်ရင်း လူကွဲသွားတာဖြစ်ပြီး ကလေးမှာ အ၀တ်ထည့်ထားတဲ့ အိတ်လေးပါတာကြောင့် ခေါ်ထိန်းထားတဲ့သူကလည်း ပစ်သွားတယ်ထင်ကာ ခေါ်ထားတာဖြစ်တယ်လို့  လူမှုကွန်ရက်မှာ  ပုံတင်ခဲ့တဲ့ အမျိုးသမီးက ပြောထားကြောင်းလည်း သိရပါတယ်။

ကလေးမိခင်နဲ့ ကလေးငယ်ကို ဓာတ်ပုံတွဲမရိုက်ခဲ့ခြင်းမှာ မိသားစုအရေးကိစ္စဖြစ်တာကြောင့်  ဓာတ်ပုံရိုက်ကူးခြင်း မပြုလုပ်ခဲ့ဘဲ သက်ဆိုင်ရာလူကြီးတွေရှေ့မှာ မိခင်ထံ ကလေးကို ပြန်လည်ပေးအပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ