play

 

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် မောင်းမကျေးရွာမှာ ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၁နာရီကျော်လောက်က ပထမနှစ်ကျောင်းသူတစ်ဦးနဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ခန္တာကိုယ်အနှံ့ ထိုးသွင်းပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

သေဆုံးသူနှစ်ဦးက ရန်ုကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ သမိုင်းဘာသာ ပထမနှစ်တက်ရောက်နေတဲ့ အသက် ၂၀ အရွယ် မဆုနှင်းဝေနဲ့ အသက် ၂၈ နှစ်အရွယ် မစန္ဒာဝင်းတို့က ထိုးသွင်းဒဏ်ရာတွေနဲ့ နေအိမ်အပေါ်ထပ်မှာ သေဆုံးနေတာကို ဖခင်ဖြစ်သူက စတင်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

 

“အမျိုးသမီးနှစ်ယောက်ကို အိမ်ထဲမှာ ရက်ရက်စက်စက် သတ်သွားတာ။ လူသတ်တရားခံကိုတော့ စုံစမ်းနေတုန်းပဲ”လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

အသတ်ခံရတဲ့ ပထမနှစ်ကျောင်းသူ မဆုနှင်းဝေမှာ လည်ပင်းထိုးသွင်းဒဏ်ရာ၊ ချိုင်းအောက်ပြတ်ရှဒဏ်ရာ၊ ညာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး မစန္ဒာဝင်းကတော့ လည်ပင်းနဲ့ နောက်ကြောမှာ ထိုးသွင်းဒဏ်ရာတွေရရှိခဲပြီး သေဆုံးနေတာလို့ သိရပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video