Local News: ပရိသတ် စိတ်ဝင်စားမှုများခဲ့တဲ့ ပြင်သစ်-မြန်မာ မင်္ဂလာပါပွဲတော်

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တာပါ။

play

 

မြန်မာ-ပြင်သစ် နှစ်နိုင်ငံယဉ်ကျေးမှု ဆက်ဆံရေး (၅၅) နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ကျင်းပခဲ့တဲ့ မင်္ဂလာပါပွဲတော် ဒုတိယနေ့ကို ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ  ကျင်းပခဲ့တယ်လို့ သိရပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနတို့ ပူးပေါင်းတင်ဆက်တဲ့ ဒီပွဲတော်မှာ ထင်ရှားတဲ့  ရုပ်သေးရုပ်ကြီး နှစ်ရုပ်ကို ဒီနေ့မနက်ပိုင်းက စတင်ပြီး ရန်ကုန်မြို့လည်မှာ လှည့်လည်ကပြခဲ့သလို ညနေပိုင်းမှာလည်း စက်ဘီးအလှစီး တင်ဆက်မှုတွေ၊ ရုပ်သေးရုပ်ကြီး နှစ်ရုပ်နဲ့ ဖျော်ဖြေတာတွေ ပြုလုပ်ခဲ့ပြီး ပရိသတ်ထောင်နဲ့ချီပြီး ကြည့်ရှုအားပေးခဲ့ကြတယ်လို့ သိရပါတယ်။

play

 

ညပိုင်းမှာတော့ ပြင်သစ်ဂီတနဲ့ မြန်မာ့ဆိုင်းဝိုင်းတို့က ပူးတွဲဖျော်ဖြေတာတွေနဲ့ မြန်မာအဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေအပြင် ရန်ကုန်မြို့တော်ခန်းမကို ပိတ်ကားလိုအသုံးပြုပြီး 3D ရုပ်ရှင်ပြသတာတွေပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily

သင်ရော မင်္ဂလာပါပွဲတော်အကြောင်း သိပါသလား ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ