Local News: မလေးရှားက မြန်မာကို ဆန္ဒပြမှုတွေအပေါ် တန်ပြန်ဆန္ဒပြမှုတွေ ပြုလုပ်မယ်

မလေးရှားနိုင်ငံဝန်ကြီးချုပ်အား ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

play

 

 မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ပြီး မြန်မာနိုင်ငံအပေါ် ဆန္ဒပြမှုတွေ ပြုလုပ်တဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့ မလေးရှား နိုင်ငံသားတွေကို  တန်ပြန်ဆန္ဒပြ ကန့်ကွက်မှုတွေ ဆက်တိုက်ပြုလုပ်မယ်လို့ သိရပါတယ်။

ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးတာဖြစ်ပြီး သူတို့ရဲ့အခြေအနေကို ကြည့်ပြီး ဒီကလည်း တန်ပြန်ဆန္ဒပြမှုတွေ ဆက်တိုက်ပြုလုပ်သွားမယ်လို့ မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက မိန့်ကြားထားပါတယ်။

ဘင်္ဂါလီအရေး နဲ့ပတ်သက်ပြီး မြန်မာ့ပြည်တွင်းရေးကို ဖိအားပေးနေတဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်အား ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲကိုလည်း  ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ယနေ့(ဒီဇင်ဘာ ၄ရက်)မှာလည်း ရန်ကုန်မြို့ ဆူးလေဘုရား အနီး မလေးရှားနိုင်ငံအပေါ် တန်ပြန်ဆန္ဒပြမှုတွေ ပြုလုပ်ဖို့ အမျိုးသားရေးလှုပ်ရှားသူတွေက စီစဉ်နေတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံမှာ  မကြာမီရက်တွေအတွင်း ဆန္ဒပြကန့်ကွက်မှုတွေ ပြုလုပ်မှာဖြစ်ပြီး မလိုလားအပ်တဲ့ ကိစ္စရပ်တွေ မဖြစ်ပေါ်စေရေးအတွက် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အထူးဂရုပြု သွားလာနေထိုင်ကြဖို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာ ၂ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Photos & Source: 7Day Daily, ကျော်ဇင်သန်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ