Local News: မြန်မာနဲ့ ထိုင်းပွဲ လက်မှတ်မှောင်ခိုဈေးကွက် ပေါ်ပေါက်

ပွဲနေ့အတွက်လည်း လက်မှတ်ရောင်းစရာ မကျန်တော့ဘူး။

play

 

 ဆူဇူကီးဖလားအကြိုဗိုလ်လုပွဲ မြန်မာ-ထိုင်း ပွဲစဉ်အတွက် လက်မှတ်ရောင်းချမှုဟာ ကွင်းဝင်ဆံ့မှုထက်ကျော်လွန်ခဲ့ပြီး မှောင်ခိုဈေးကွက်ပေါ်ပေါက်နေကာ ရိုးရိုးတန်းလက်မှတ် တစ်စောင်ကို ကျပ်တစ်သောင်းခွဲ၊ အထူးတန်းလက်မှတ်တစ်စောင်ကို  ကျပ်လေးသောင်းခန့် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

play

 

အထူးတန်းနဲ့ ရိုးရိုးတန်းနှစ်ခုပေါင်း လက်မှတ်အစောင်ရေ သုံးသောင်းလေးထောင်ခန့် ရောင်းချပေးထားပြီး  ပွဲနေ့အတွက်လည်း လက်မှတ်ရောင်းစရာ မကျန်တော့ဘူးလို့ တာဝန်ရှိသူတစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

play

 

 ထပ်ပြီးရောင်းစရာမရှိတော့လို့ လက်မှတ်ရောင်းတဲ့ ကောင်တာတွေ ပိတ်လိုက်ရတာဖြစ်ကာ လက်မှတ်မရတဲ့ ပရိတ်သတ်တွေအနေနဲ့ ရုပ်မြင်သံကြားကပဲ တိုက်ရိုက်ကြည့်ရှုဖို့ မေတ္တာရပ်ခံပါရစေလို့ အဆိုပါတာဝန်ရှိသူက ပြောကြားထားပါတယ်။

play

 

သုဝဏ္ဏဘောလုံးကွင်းဟာ ပရိသတ်သုံးသောင်းနှစ်ထောင်ခန့်သာ ၀င်ဆံ့တဲ့ ဘောလုံးကွင်းဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ