Local News: ကေတီဗွီမှာ အခွန်တံဆိပ်ခေါင်းမကပ်လို့မေးရာမှ ဆိုင်ဝန်ထမ်းတွေက ဧည့်သည်ကို တံးခါးပိတ်ထိုးကြိတ်

တရားခံတွေကိုတော့ မဖမ်းမိသေးဘဲ  စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

play

 

ကလေးမြို့ တောင်ဇလပ် ရပ်ကွက်က ကေတီဗွီဆိုင်တစ်ဆိုင်မှာ ဆိုင်ဝန်ထမ်းတွေက ဧည့်သည်ကို တံခါးပိတ်ထိုးကြိတ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

 ဘီလ်စာရွက်အခွန်တံဆိပ်ခေါင်း မကပ်ထားတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှ စကားများရန်ဖြစ်ကြပြီး ဆိုင်ဝန်ထမ်းရှစ်ဦးက အခန်းတံခါးပိတ်ကာ ဆဲဆိုထိုးကြိတ်ခဲ့တာကြောင့် စားသောက်သူ အမျိုးသားတစ်ဦးက တရားလို ပြုလုပ်ကာ ကလေးမြို့ မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက် မနက် ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားခံတွေကိုတော့ မဖမ်းမိသေးဘဲ  စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်လို့ ကလေးခရိုင် ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောထားပါတယ်။

စားသုံးသူအမျိုးသားနှစ်ဦးမှာ ပွန်းပဲ့ နာကျင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ကလေးမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၄၁၊ ၂၉၄၊ ၅၀၆၊ ၃၂၅ အရ အမှုဖွင့် စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ