Local News: ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားတဲ့ မုဒိမ်းမှု ယခင်နှစ်ကထက် နှစ်ဆပိုများ

မပေါ်တဲ့ အမှုစာရင်းဟာ ၂၀၁၅ ခုနှစ်ကထက်များပါတယ်။

play

 

ရန်ကုန်တိုင်းအတွင်း ယခုနှစ် ၁၁ လအတွင်း ဖြစ်ပွားတဲ့ မုဒိမ်းမှုအရေအတွက်ဟာ ယခင်နှစ်ကထက် ၂ ဆကျော် ပိုမိုများပြားတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ် ၁၁ လအတွင်း ဖြစ်ပွားတဲ့ မုဒိမ်းမှုဟာ ၂၁၂ မှုရှိပြီး ယခင်နှစ်တစ်နှစ်လုံးဖြစ်ပွားတဲ့ အရေအတွက်ဟာ ၁၀၁ မှုရှိတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ၁၁လ အတွင်း လူသတ်မှုဟာ ၁၆၃ မှုရှိပြီး တရားခံမမိသေးတဲ့ လူသတ်မှုတွေလည်း ကျန်ရှိနေပါသေးတယ်။

မင်္ဂလာဒုံမြို့နယ်တွင်း လေးလောင်းပြိုင်လူသတ်မှု၊ ဒေါပုံမြို့နယ်မြောင်းစပ်က ဦးခေါင်းဖြတ်ခံရတဲ့ မိန်းကလေးအမှု၊ သုံးခွမြို့ချောင်းဘေးမှာ အမျိုးသားတစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးတဲ့အမှု၊ ဗဟန်းမြို့နယ် နေအိမ်တိုက်ခန်းမှာ ကြိုးတုပ်အသတ်ခံရတဲ့ အမျိုးသားအမှုနဲ့ စတဲ့အမှုတွေဟာ တရားခံဖမ်းမိခြင်း မရှိသေးပါဘူး။

မပေါ်တဲ့ အမှုစာရင်းဟာ ၂၀၁၅ ခုနှစ်ကထက်များပြီး တချို့အမှုတွေက စီအိုင်ဒီကလိုက်နေပြီး တချို့အမှုတွေကိုတော့ သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းနေပါတယ်လို့ ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေတဲ့ ရဲတစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ