Local News: အထည်ချုပ်အလုပ်သမားနှစ်ဦးကို ပစ္စည်းခိုးတယ်ဆိုပြီး အလုပ်ဖြုတ်တာကြောင့် ဆန္ဒပြ

စွပ်စွဲတဲ့အတွက် မခံနိုင်တာကြောင့် ဆန္ဒပြတာဖြစ်တယ်။

play

 

ပုသိမ်မြို့စက်မှုဇုန်ရှိ ဟီရှန်းအထည်ချုပ်စက်ရုံမှာ အလုပ်သမားနှစ်ဦးကို ပစ္စည်းခိုးယူတယ်ဆိုပြီး အလုပ်ဖြုတ်ခဲ့တာကြောင့် အဆိုပါစက်ရုံရှိ လုပ်သားတွေက ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အထည်လေးရာခန့် ပျောက်ဆုံးခဲ့တယ်ဆိုကာ စက်ရုံလုပ်သားတွေကို စစ်ဆေးရာမှာ ဆိုင်ကယ်သုတ်တဲ့ ဖျင်စအနည်းငယ် တွေ့ရှိတဲ့ စက်ရုံလုပ်သားအမျိုးသားတစ်ဦးနဲ့ လက်မှာဒဏ်ရာရတာကြောင့်  စက်ရုံမှ ဖျင်စနဲ့ ပတ်ထားတဲ့ အမျိုးသမီးတစ်ဦးကို ဖျင်စတွေ ခိုးယူတယ်လို့  စွပ်စွဲပြီး အလုပ်ဖြုတ်ခဲ့တာကြောင့် လုပ်ငန်းခွင်ရပ်နားကာ ဒီဇင်ဘာ ၂ ရက် ညနေက ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

 ခိုးတယ်ဆိုရအောင် အထည်တွေကို ဘာမှမသုံးတတ်သလို ဘာမှလည်း မလုပ်တတ်ဘဲ စွပ်စွဲတဲ့အတွက် မခံနိုင်တာကြောင့် ဆန္ဒပြတာဖြစ်တယ်လို့   စက်ရုံဝန်ထမ်း မပပက ပြောထားပါတယ်။

ဟီရှန်းအထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပြီး ၂၀၁၅ နိုဝင်ဘာက လုပ်ငန်းစတင်အကောင်အထည်ဖော်ကာ လွန်ခဲ့သည့်နှစ်လခန့်က စက်ရုံဖွင့်ပွဲ ကျင်းပပြီး လုပ်သားနှစ်ထောင်ခန်နဲ့ နိုင်ငံခြားအ၀တ်အထည်များစွာ လက်ခံချုပ်လုပ်နေတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ